မော်ဒန်ဘောလုံးခေတ်မှာ ကလပ်အသင်းတော်တောများများက ဘောလုံးပိုင်ဆိုင်မှု အဓိကထားပြီး ကစားလာကြပြီးမှ ဂိုးရဖိုကို ဒုတိယပစ်မှတ်အနေနဲ့ ကစားလာကြပါတယ်။
ဒီလို နည်းပြဆရာတွေရဲ့ ကြားထဲမှာ ဘယ်လောက်ပဲ ဘောလုံးကို ကိုင်ထားနိုင်သည်ဖြစ်စေ၊ အကြိမ်ကြိမ်ထိုးဖောက်ကန်သွင်းနိုင်သည်ဖြစ်စေ ဘောလုံးပွဲတစ်ပွဲနိုင်ဖိုဆိုတာ ပြိုင်ဘက်ထက် တစ်ဂီုးအသာရဖိုသာ လိုအပ်တယ်ဆိုတာကို မြင်သာစေခဲ့သူကတော့ မော်ရင်ဟိုပါ။
၂၀၂၀တုန်းက ဖြစ်ပါလိမ့်မယ်။ မော်ရင်ဟို စပါးကို ကိုင်တွယ်ချိန်ကပေါ့။ မန်စီးတီးက အဝေးကွင်းလာကစားပေမယ့် အင်အားကြီးအသင်းပီပီ ဘောလုံးကို ကိုင်ကစားပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၂၂ကြိမ်နဲ့ ဂိုးပေါက်တည့် ကန်သွင်းမှု ၅ကြိမ်ထိပြုလုပ်နိုင်ခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကလဲ ဆီနဲ့ရေလို ကွာခြားခဲ့တာကြောင့် အိမ်ကွင်းဖြစ်ပြီး အောက်က ကစားခဲ့ရတယ်ဆိုပြီး မီဒီယာတွေက မော်ရင်ဟိုကို ပွဲအပြီးမှာ မေးခွန်းထုတ်ကြပါတော့တယ်။
ဒီအခါမှာ မော်ရင်ဟိုက – “ သူတိုအနေနဲ့ ဘောလုံးကို မိနစ် ၉၀ လုံး လိုချင်ရုံသာမက အိမ်အထိပါ ယူသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပွဲအပြီးမှာ ၃မှတ်ပဲ ယူပြီး အိမ်ပြန်မှာပါ။”လို ပြန်လည်ဖြေသွားခဲ့ပါတယ်။တကယ်လဲ ပွဲအပြီးမှာ မော်ရင်ဟိုရဲ့ စပါးအသင်းက ဂိုးပေါက် ကန်သွင်းချက် ၄ကြိမ်သာရပြီး ၂ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပေမယ့် ဂိုးပေါက်တည့်ခဲ့တဲ့ ၂ကြိမ်စလုံးက ဂိုးဖြစ်ခဲ့လို ၂-၀နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ဒါကြောင့်လဲ မော်ရင်ဟိုဆိုတာ စကားအရာမှာ ကြွယ်ရုံသာမက နည်းဗျူဟာမှာလဲ ရှိတဲ့အားနဲ့ ကြွယ်ပြနိုင်အောင် စွမ်းဆောင်ပေးနိုင်လို စပယ်ရှယ်ဝမ်းဆိုပြီး နာမည်တွင်တာ မဆန်းပါဘူးလေ။