Antony နဲ့ပတ်သတ်ရင် ယူနိုက်တက်အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားလို့ ကျနော် ဘယ်တော့မှ မမြင်ပဲ၊ သူ့ ကစားပေါက်နဲ့ ပရီးမီးယားလိဂ် ဘယ်လိုမှ အံမဝင်လို့သာ အဆင်မပြေရင်း အဆင်မပြေရင်းနဲ့ ..
မန်ယူနိုက်တက် နဲ့ တဖြေးဖြေး ဝေးသွားတဲ့ လူငယ်ကစားသမားတစ်ယောက်လို့ ကျနော်တို့အမြဲသုံးသပ်ပါတယ်။
မှတ်မိသလောက်ပြောရရင် သူ တကယ် အသင်းအတွက် အဆင်ပြေတော့မလို ဖြစ်ခဲ့တဲ့အချိန်အစမှာ လူမူရေးပြသနာ တချို့လည်း ဖြစ်ခဲ့သေးတယ်၊ ဒါကလည်း မှန်တယ် မှားတယ် မပြောလိုပေမယ့် သိတဲ့အတိုင်း UK နိုင်ငံရဲ့ မီဒီယာ အောက်မှာ Antony တစ်ယောက် တော်တော်ခံစားလိုက်ရသေးတယ်။
ဒီကိစ္စတွေပြီးပြတ်သွားချိန်ကျမှ အသင်းမှာ ပြန် ကစားတဲ့အခါ သူအရင်လိုမဟုတ်တော့ဘူး။ ဆုံးဖြတ်ချက်တွေ ဝေဝါးတယ်, ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်းမရှိတော့ဘူး။ တစ်ဦးချင်းကျော်ဖြတ်မှုတွေ မတွေ့ရတော့ဘူး။ ကျနော်တို့ ပရိတ်သတ်တွေအတွက် မည်ကဲ့သို့သော အားမလို အားမရ ကိစ္စတွေဖြစ်ခဲ့တာတွေ ရှိပါစေအုန်းတော့ ..သေချာတာတစ်ခုက
Antonyသည်… ဒီအသင်းအတွက် ဒီကလပ်အသင်းတံဆိပ်အတွက် တကယ်ကို ရေကုန်ရေခမ်း ကစားပေးခဲ့တယ်ဆိုတာပဲ၊ နောက်တစ်ခု အရေးကြီးတာက ဘယ်တော့မှ ဒရမ်မာ မခင်းခဲ့ဘူး။ ဇာတ်ရှုပ်တွေမလုပ်ခဲ့ဘူး။ ဒါတွေကို သူဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ကြိုးစားရင်း ယူနိုက်တက် အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပြီးနောက်မှာ သူ့မျက်နှာမှာ အထင်းသား တွေ့ရတယ်။ နောက်တော့လည်း သူ့အတွက် ကစားခွင့်ပိုရဖို့အတွက်သာ ဘက်တစ်ကို အငှားထွက်တယ်၊ အခု အပြီးသတ်ပြောင်းချင်တယ်၊
သူ့ ဆန္ဒကို လိုက်လျောပေးရမှာပါပဲ……