ဟာလန်းရဲ့ စွမ်းဆောင်မှုတွေက ‘မကြားဖူးတဲ့အရာတွေ’ ဖြစ်ပြီး

ဘယ်လိုစံချိန်သစ်တင်ခဲ့လဲ။နောက်ထပ်တစ်ပွဲမှာ အာလင်း ဟာလန်းက ဂိုးသွင်းစံချိန်တစ်ခုကို ထပ်မံချိုးဖျက်ခဲ့ပြန်ပါတယ်။

ကြာသပတေးနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းဟာ ၁၀ ယောက်တည်းသာကျန်တော့တဲ့ နာပိုလီကြောင့် အခက်တွေ့နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အသင်းရဲ့ အမြဲယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်ဟာ နောက်ထပ်အနိုင်ပွဲတစ်ခုအတွက် လှမ်းတက်လာခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ဖီးလ် ဖိုဒန်ရဲ့လှပတဲ့ ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူပြီး ချန်ပီယံလိဂ်ပွဲ ၄၉ ပွဲမှာ သူ့ရဲ့ ၅၀ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီမှတ်တိုင်ကို ရောက်ရှိဖို့ အမြန်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။

“သူက ရှိရှိသမျှ စံချိန်တိုင်းကို ချိုးဖျက်နေပုံပါပဲ။ သူလုပ်နေတာတွေက မကြားဖူးတဲ့အရာတွေပါ။ တကယ်ကို မယုံနိုင်စရာ ကစားသမားပါပဲ” လို့ ဖိုဒန်က ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ ဒီမှတ်တိုင်ကို အရှိန်အဟုန်နဲ့ရောက်ရှိခဲ့ပုံကို ဘာကမီးမောင်းထိုးပြလဲဆိုတော့ အရင်က ဒီစံချိန်ကို မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရူ ဗန် နစ္စတဲရွိုင်းက ၆၂ ပွဲနဲ့ ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။

ဟော်လန်းဟာ သူဘာလုပ်ခဲ့လဲဆိုတာ သိခဲ့ပါတယ်။ အောင်ပွဲခံရင်း ပြုံးရွှင်နေတဲ့မျက်နှာနဲ့ လက်တစ်ဖက်က လက်ငါးချောင်းကိုထောင်ပြီး ကျန်တဲ့တစ်ဖက်က လက်ညှိုးနဲ့ လက်မကိုဝိုင်းကာ သုညပုံစံလုပ်ပြီး ကင်မရာတွေကို ပြသခဲ့ပါတယ်။

“ကျွန်တော် ဘာပြောနိုင်မလဲ။ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေက အဖြေပေးနေပါတယ်” လို့ စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပြောပါတယ်။ “ကျွန်တော်တို့ သူ့ကို ပိုင်ဆိုင်ထားလို့ ကံကောင်းပါတယ်”။

“သူ့ကို ချီးကျူးဂုဏ်ပြုလိုက်ပါဦး။ ဘာလို့လဲဆိုတော့ သူက ဗန် နစ္စတဲရွိုင်း၊ လီဝန်ဒေါ့စကီးတို့လို ဂိုးသွင်းသမားတွေနဲ့ တန်းတူရှိနေတဲ့အပြင် နှစ်ပေါင်း ၂၀ လုံးလုံးရှိခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီလို ဘီလူးနှစ်ကောင်နဲ့လည်း အတူတူရှိနေတာဟာ အာလင်းအတွက် မယုံနိုင်စရာပါပဲ”လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဟာလန်း နာပိုလီနဲ့ပွဲမှာ ချန်ပီယံလိဂ် ၅၀ ဂိုးမြောက်ဂိုး သွင်းယူခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ် ၅၀ ဂိုးပြည့်ရန် အနည်းဆုံးပွဲစဉ် ကစားခဲ့ရသူများ။

ဟော်လန်းဟာ ရော်နယ်ဒိုရဲ့စံချိန်ကို ချိုးနိုင်မလား?

ဟော်လန်းဟာ သူ့ရှေ့မှာရှိတဲ့ ပြိုင်ဘက်တွေကို အသာလေး ဖယ်ထုတ်နေပါတယ်။

တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ် ၁၀၁ ပွဲမှာ ဂိုး ၉၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် လေးရက်အလိုကလည်း နော်ဝေအသင်းအတွက် မော်လ်ဒိုဗာနဲ့ပွဲမှာ မယုံနိုင်စရာ ၅ ဂိုးအထိ သွင်းယူခဲ့ပါသေးတယ်။

ဥရောပရဲ့ အထက်တန်းစားကလပ်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာတော့ ဟော်လန်းဟာ ကြာသပတေးနေ့ညက သူ့ရဲ့ ၅၀ ဂိုးမြောက်မှတ်တိုင်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီဂိုးတွေထဲက စီးတီးအတွက် ၂၇ ဂိုး၊ ဒေါ့မွန်အတွက် ၁၅ ဂိုးနဲ့ Red Bull Salzburg အတွက် ၈ ဂိုး သွင်းယူခဲ့တာပါ။

အဲဒီဂိုးအများစု (၃၄ ဂိုး) ကို သူ့ရဲ့အားထားရတဲ့ ဘယ်ခြေနဲ့ သွင်းခဲ့တာဖြစ်ပြီး ညာခြေနဲ့ ၁၁ ဂိုးနဲ့ နာပိုလီနဲ့ပွဲက သွင်းဂိုးအပါအဝင် ခေါင်းတိုက်ပြီး ၅ ဂိုး သွင်းယူခဲ့ပါတယ်။

စီးတီးဂိုးသမားဟောင်း ဂျိုး ဟတ်က TNT မှာ “သူက အန္တရာယ်ရှိနေပုံရတယ်။ လှုပ်ရှားမှုမပျက်ဘဲ ကစားသွားတာ တကယ်ကို ဉာဏ်ရည်ထက်မြက်တဲ့ ဘောလုံးပါ။ ဒါဟာ အစစ်အမှန် ဂိုးသွင်းသမားတစ်ယောက်ရဲ့ ပင်ကိုအသိစိတ်ပါပဲ”လို့ ပြောပါတယ်။

“သူက ကြံ့ခိုင်တယ်၊ အားကောင်းပြီး ဆာလောင်နေပုံရပါတယ်။ ဒီရာသီမှာ သူဘာတွေ စွမ်းဆောင်နိုင်မလဲဆိုတာကို မြင်ရဖို့ ကျွန်တော် တကယ်စိတ်လှုပ်ရှားပါတယ်။ ခံစစ်သမားတစ်ယောက်အနေနဲ့ ပြီးပြည့်စုံနီးပါး ကစားနိုင်ပေမဲ့ သင်အနည်းငယ်လေး မှားမိတာနဲ့ သူက ဂိုးသွင်းသွားမှာပါ”လို့ ဆိုပါတယ်။

သူဘယ်လောက်မြန်မြန် ဒီစွမ်းဆောင်မှုကို ရရှိခဲ့လဲဆိုတာကို မီးမောင်းထိုးပြရမယ်ဆိုရင် လီယွန်နယ် မက်ဆီဟာ ပြိုင်ပွဲမှာ ဂိုး ၅၀ ပြည့်ဖို့ ၆၆ ပွဲ လိုအပ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ၉၁ ပွဲအထိ အများကြီး နောက်ကျကျန်ခဲ့ပါတယ်။

သို့သော်လည်း ပေါ်တူဂီတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၄၁ ဂိုးနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ဟော်လန်းဟာ တစ်ချိန်မှာ ရော်နယ်ဒိုရဲ့မှတ်တမ်းကို ကျော်တက်နိုင်မလားဆိုတဲ့ မေးခွန်းကို ဂွါဒီယိုလာက “ဒီအရှိန်အတိုင်းဆိုရင်တော့ ဟုတ်ပါတယ်”လို့ ပြောပါတယ်။ “သူက ဒဏ်ရာမရဘဲ နောက်ထပ် ၁၀ နှစ် ဒါမှမဟုတ် ၁၂ နှစ်လောက် ဆက်ကစားနိုင်ပြီး ဒီတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင်တော့ သေချာပေါက်ပါပဲ”လို့ ဆိုပါတယ်။

စီးတီးနောက်ခံလူဟောင်း Joleon Lescott က “သူဟာ ကောင်းမွန်တဲ့ပွဲတစ်ခုကို ကစားနေသူ မဟုတ်နိုင်ပေမဲ့ ဂိုးရှေ့မှာ အခွင့်အရေးရတာနဲ့ အဲဒါကို အဆုံးသတ်ဖို့အတွက် တည်ငြိမ်တဲ့အဆင့်တစ်ခု သူ့မှာရှိပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာလင်း ဟော်လန်း၏ ချန်ပီယံလိဂ် စွမ်းဆောင်ရည်မှတ်တမ်းများ။

ဟော်လန်းက သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးတွေကို ဘယ်လိုသွင်းယူခဲ့သလဲ။