ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဒီကနေ့ မြန်မာစံတော်ချိန် ည ၁း၃၀ မှာ ကျင်းပမယ့် Ballon d’Or ဆုပေးပွဲအခမ်းအနားမှာတော့ ဘရာဇီးဂန္တဝင်ဘောလုံးသမား ရော်နယ်လ်ဒင်ဟိုက ဆုချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်လ်ဒင်ဟိုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အကြာ ၂၀၀၅ ခုနှစ် ဘာစီလိုနာအသင်းမှာ ကစားခဲ့စဥ်က Ballon d’Or ဆုကို တစ်ကြိမ်ရရှိခဲ့ဖူးပါတယ်။Ballon d’Or ဆုကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်လာခဲ့တာဖြစ်ပြီး မက်ဆီက အကြိမ်ရေအများဆုံးအဖြစ် (၈) ကြိမ် ရရှိထားကာ ဒီနှစ်အတွက်တော့ PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီက ဆုရရှိရန်ရေပန်းအစားဆုံး ဖြစ်နေပါတယ်။2025 ခုနှစ် အတွက်B Ballon d’OrကိုPSGအသင်းတိုက်စစ်ကစားသမားဒမ်ဘီလီမှဆွတ်ခူးသွားကြောင်းပြင်သစ်ကလာတဲ့သတင်းအရင်းအမြစ်တွေက ဖော်ပြလာခဲ့ပါတယ် ဒမ်ဘီလီဟာမနေ့ညကပွဲပျက်ခဲ့တဲ့မာဆေးအသင်းနဲ့ပွဲစဉ်အတွက် PSG နဲ့ပါဝင်ကစားဖို့ရှိနေတာကြောင့်ဆုပေးပွဲကိုမတတ်ရောက်ဖို့ပဲများနေပါတယ်။